Friday, May 7, 2010

*** ပြည်ပ ခရီး - မြန် မကြာ - နီး စေဖို့ ***

 လွယ်ကူ လွန်းသော အစီအရင် တစ်ခု ဖြစ်ပါသည်။

လွယ် လွန်း ၍ လဲ သိ နား လည် သူ များ  သာ တန်ဖိုး ထားကြပါသည်။
မှန်ရာ ကို သစ္စာ ပြုလျှင် လိုရာ ဆန္ဒ ပြည့် နိုင်သည် ကို ဘာသာ ခြားများ ပင် လက်ခံ ယုံကြည်ကြ ပါ ပြီ။

ဇာတ်လမ်း အစ ပိုင်း ကို အရင် တင်ပြလိုပါသည် ။

၁၉၈၇ ကာလ တွင် မိတ်ဆွေ တစ်ဦး ပို့ဆောင် ပေးသဖြင့် ဆရာတော် တစ်ပါး နှင့် ဆုံတွေ့ ခွင့် ရပါသည်။
ထိုစဉ် က ကျွန်တော် ကိုးကွယ် သောဘုန်းကြီး ၊ ကျွန်တော် ရဲ့ ဆရာတော်ဟူ၍ ပြော စရာ မရှိသေးပါ ။ရှေးဟောင်း ပုံ အောက် ထပ် တိုက်ခံ အပေါ်ထပ် ပျဉ်ကာ နှစ်ထပ် အဆောက် အဦး ဟောင်း တစ်ခု၏ အပေါ်ထပ်ရှိ ယိုင် နေသော တံခါးပေါက် မှတဆင့် ဝင်ရောက် ၍ လမ်းလျှောက် လျှင် အနီးငယ် တုန်လှုပ် သည့် ပျဉ်ခင်း ခန်း မ ဆောင် တွင် ထိုင် နေသော အနေ ရိုးပုံ ရသည့် ဆရာ တော် ကို စတင်ဖူး
တွေ့ခွင့်ရပါသည် ။ အပြင် က နံရံ က မလုံ မလဲ ကျိုးတိုး ကျဲတဲ အတွင်း ၌ရေနံချေး ရောင် မဲ မှောင်မှောင် နှင့်မည်သည်အဆောင်အယောင်မျှ မရှိပါ ။



      သို့သော် ဆရာတော် သည် ပဌန်း ယမိုက် စာဝါ ပို့ချ ရာ တွင် ထင်ရှား ပါသည် ။

   ရွှေတိဂုံ စေတီ ရင်ပြင် ပေါ်ရှိ တန်ဆောင်း များတွင်စာဝါ ပို့ချ ရာ နှစ်စဉ် စာလိုက် သံဃာ သီလ ရှင်အပါး  ၂၀၀  ကျော် ၃၀၀ ခန့်ရှိပါသည်။

      ထို အချိန် မှ စ၍ တစ်လ လျှင် ၃ /  ၄ ကြိမ် ခန့်သွားရောက် ခဲ့ ပြီး အထူး အား ဖြင့် ၂၄ ပစ္စည်း နှင့် ပတ်သက် ၍ သိလို သည် များကို မေးလေ့ ရှိပါသည် ။ ထို့ကြောင့် လဲ အ ကြောင်း ရှိ မှအကျိုး ရှိ နိုင် မည် ဆိုသည့် အချက် ရင် ဝယ် စွဲ မှတ် သွားပါ သည် ။

   တစ်နေ့ တွင် ညီမ ဖြစ်သူ ပြည်ပ သို့ သွားရောတ် ရန် ပြင်ဆင် နေကြောင်း စကား စပ်မိရာ ဆရာတော် မှ ကိုးလုံး ပုတီး တစ် ကုံး ကို စွန့်ပေးပြီး  အရဟံ ဂုဏ်တော် နှင့် သုဂတော ဂုဏ်တော် ကို အနက် အဓိပ္ပါယ် တကွ တမျိုး လျှင် ပုတီး တပတ် ( ၉ လုံး ပုတီး ) ဖြင့် နိုင် သရွေ့ စိတ် ရန် မိန့်ပါသည် ။
( သာမန်လူ တယောက် ကို ၁၀၈ လုံး ပုတီး ကို သုံး၍ စိတ်ခိုင်း လျှင်ခက်ခဲ မည် စိုး ၍ ၉ လုံး ပုတီး ဖြင့် စိတ်ခိုင်း ခြင်း ဖြစ်ပါသည် ။ ပုတီး ကုံး သည် သာမည ပါ )

ဂုဏ်တော် ကိုး ပါး လုံး ဧ။် အနက် အဓိပ္ပါယ် ကို ဆရာတော် ထံ မှ သင်ယူ ထားပြီး ဖြစ်ပါ သည် ။ အကျယ် ချဲ့ ရ လျှင် ဂုဏ်တော် ကိုးပါး ကို သုံးတတ် လျှင် ကိစ္စ အတော် များများ ပြီး နိုင်ပါသည် "

  အရဟံ = လူ နတ် ဗြဟ္မာ သတ္တဝါ တို့ ဧ။် ပူဇော် အထူးကို ခံ ယူ တော် မူထိုက်သော မြတ်စွာဘုရား ဖြင့် အန္တရယ် ကင်းစေ နိုင်ပြီး

သုဂတော = ကောင်းသော နိဗ္ပာန် သို့ ကြွမြန်း တော် မူ ထိုက်သော မြတ်စွာဘုရား ဖြင့် လိုရာခရီး နီး စေပါ သည် ။

  စိတ်ဝယ် စွဲမှတ် ယုံကြည်စွာ ဖြင့် သေသေချာချာ ပြုလုပ်ခြင်း ဖြင့် လိုရာခရီး မြန် မကြာ နီးပါ  လိမ့်မည် ။

** ဆရာတော် ဧ။် ထူးခြားမှူ ကိုထပ်မံ ရေးပါမည် **

Saturday, May 1, 2010

*** မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး စကားပြော တိတ်ခွေ ***

*1951 ခုနှစ် ပတ် ဝန်းကျင် ကာ လ တွင် မဟာစည် ဆရာတော် နှင့် နတ်မင်းကြီး တစ်ပါး စကားပြော ခဲ့သည့်တိပ်ခွေ file ကိုလွန်ခဲ့သည့် နှစ်နှစ်ခန့်က website တစ်ခုတွင်တွေ့၍ download ယူထားပါသည် ။
http://dhamaransi.net/audio/maharsiandnatmingyi.mp3  မှရယူ ပါသည် ။

ပုသိမ် မြို  မှ ယောဂီ တစ်ဦး ထူးဆန်းသောစကား ပြောနေ၍ လေ့လာရာ ပါဠီ သံ နှင့်ဆင်တူသဖြင့် သိနားလည်သူ မှ နားထောင်ရာ နတ် တစ်ပါး ဝင်ပူးပြီး မဟာစည် ဆရာတော်နှင့် တွေ့လို ကြောင်း ပြောပါသည် ။ ထိုယောဂီ သည် သီလ သမာဓိ နှင့် ပြည့်စုံပြီး တရားအားထုတ်ခြင်းဖြင့်သာ အချိန်ကုန်နေသူ ဖြစ် သောကြောင့်လဲ နတ်ဝင်ပူး နိုင်ခြင်းဖြစ်သည်။
  ထို့ကြောင့် မဟာစည် ဆရာတော် နှင့် တာဝန်ရှိသူများ ညှိနှိုင်းပြီးတွေ့ဆုံမည့် နေ့ရက် ကိုသတ်မှတ် ကြပါသည် ။

 ထိုသို့တွေ့ဆုံရာတွင် ပါဠိ ကျွမ်းကျင် သော ဆရာတော် များ ဂုဏ်သရေ ရှိ ပုဂ္ဂိုလ် များ ပါဝင်စေလျက် တိတ်ခွေအသံဖမ်းစက်ဖြင့် လည်း အသံဖမ်း ယူခဲ့ပါသည် "
 ဝင်ပူးသော နတ် သည် ၃၇ မင်း ကဲ့သို့သော နတ်များ မဟုတ်ဘဲ စတုမဟာရဋ် အဆင့်ဝင် နတ်မင်းကြီး တစ်ပါး ဖြစ်ပြီး  အမည် နှင့် ဘုံ တည်နေရာ ကိုပါပြောဆိုခဲ့ပါသည် "
နတ်မင်းကြီး နှင့် မဟာစည် ဆရာတော် တို့ ပါဠီ ဘာသာစကား ဖြင့် ပြော ဆိုကြပါသည် "

ပြော ဆိုမူသည် နာရီ ဝက် ခန့် ကြာ ပြီး ထို တိတ် ခွေတွင် သက်သေပြချက် သဘောဖြင့် ရှင်းလင်းချက် များ လည်း ပါသည် ။
ဥပမာ အားဖြင့် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် နားထောင်ပြီး အသံလွှင့် ရန်သင့် မသင့် ကို ဆုံးဖြတ် ခဲ့ကြောင်း  လဲ ပါဝင်ပါသည် ။

  ယခု နောက်ပိုင်း ၄င်း file ဖွင့်မရ တော့ ၍ သိ ရှိုသူများ အနေဖြင့် ယနေ့ခေတ် လူငယ်များ ဗဟုသုတ ဖြစ်စေရန် အတွက် ပြန်လည် ဖော်ပြ ပေးရန်တောင်းဆိုပါသည် ။
 ယုံ မ ယုံ အ ငြင်း ပွား ခြင်းထက် ဤ အဖြစ်အပျက်မျိုး ရှိခဲ့ ဘူးသည် ကို ဗဟုသုတ အတွက် တင်ပြပါသည် "

( ဖြည့်စွက်ချက် )

အဆိုပါ ယောဂီ မှာ ရသေ့မ ဖြစ်ပြီး လူ အမည် မသင်းစိန် ၊ ဘွဲ့ အမည် မဟေမာရီ ဖြစ် ပါသည် ။ ပုသိမ် မြို့ သဒ္ဒမ္မ သီတဂူ တောရ ကျောင်း တိုက် နာယက ဆရာတော် ဘဒ္ဒန္တ အာစိက္ခဏ ၏ တူမ တော်စပ် ပါသည် ။

Thanks  KO LU AYE  , He share THE LINK OF THE TAPE  in comment ,
      you all can download and listen the whole story ,

http://sites.google.com/site/zawgyiconvert/Home/maharsiandnatmingyi.mp3?attredirects=0&d=1 

            very very helpful,,

Monday, April 26, 2010

ဘုရား ပစ္စည်း အဆိပ်သီး

 *** လူ သိ နဲ သေး သော ပု ဂံ စေ တီ  လျှို့ ဝှက် ချက် များ ***

     ပုဂံ ဆိုလျှင် ကမ္ဘာ သိ ထင်ရှား နေပါပြီ " သို့သော် ပြည်တွင်းမှ  လူများပင် သတိ မမူ မိသောအချက်များ စေတီ ပုထိုး အချို့ တွင် ရှိ ပါသည် "

     ဂူကျောင်း ပုံ စေတီ များ တွင် အများအားဖြင့် အ ရပ် လေးမျက်နာ အတိုင်း မုခ် ပေါက်လေးပေါက်ပြူလုပ်ထား ရှိကြပါသည် " ယခုခေတ် ကာလတွင်မူ အရပ် ရှစ်မျက် နှာအတိုင်းမုခ်ပေါက် ရှစ် ပေါက် ပုံစံ ကိုလည်း တည်ဆောက်  လာကြ ပါသည် "

     ပုဂံ ရှိစေတီ ပုထိုး များ တွင်လည်း ဝင်ပေါက် လေးဖက် ပြူလုပ်ထားသည်ကများပါသည် ထိုအထဲ တွင် မုခ်ပေါက် ငါးဖက် ပြူလုပ် ထားသော စေတီ အချို့ရှိ ပါသည် " ရောက်ဖူးသူများသော် လည်း သတိ မမူမိသူ လည်းများ ပါသည် " အထင်ရှားဆုံးမှာ ဓမ္မာရာဇိက စေတီဖြစ်ပါသည် " စေတီကြီး တစ်ဆူ ဖြစ်သောကြောင့် မုခ်ငါးမုခ် တည်ရှိနေမှုကို ဘုရားဖူးများရင်ပြင်ပတ်လည် လှည့်လည် သည့် အခါ ဖူးနေကြ စေတီ ရင်ပြင် နှင့် မတူဘဲ မုခ် ပေါက်ခု နှင့် တစ်ခု နီးကပ် နေသလို ခံစား မိ ကြ ပါသည် "

   နောက်တစ်ဆူ မှာ သံတော်ကြား စေတီ ဖြစ်ပါသည် " ကပ်ကျော်စေတီ ဟုလည်း ခေါ်ကြ ပါသည် "ပုဂံ မှညောင် ဥိးသွားသော ကားလမ်းဘေး ညာဖက် ဦး ပါလိသိမ် ကျောင်း ရှေ့ ထီးလိုမင်းလို
စေတီ အနီးတွင်ရှိပါသည်" အာနန်ဒါ စေတီ မှ ထီးလိုမင်းလို စေတီ သို့ လမ်းလျှောက်ဘုရားဖူးသူများသည် လမ်းကြော အနေအထားအရ သံတော်ကြား စေတီရှေ့  တွင်
အနည်းငယ် ကွေ့ ကြရပါသည် " သို့သော်စေတီငယ် တစ်ဆူဖြစ်သောကြောင့်လည်း သတိ မထားမိ ကြပါ "
   မုခ်ငါး မုခ် တည်ဆောက်သည့် ရည်ရွယ်ချက် မှာနောက်ပွင့်မည့် ဘုရား ပါကို ရည်စူးပြီး ပူဇော်ခြင်း ဖြစ်ပါမည် " ထို့အပြင် မုခ် လေး မုခ် ရှိသောစေတီကြီး များ၏ အရှေ့ဖက်  တွင်အာရုံခံ တန်ဆောင်းအဖြစ် ပိုမို ထင်ရှားအောင်လည်း
 တည်ဆောက်ထားကြပါသည် " အဝေးမှ ကြည့်လျှင် ပိုမိုရှည်သော မုခ် ဆောင် ရှိသောအရပ် သည် အရှေ့ဖက် ဟုအလွယ်သိမြင် နိုင်ပါသည် "

  နောက်ထူးခြါးချက်မှာ ဘုရားကျိန်စာ များဖြစ်ပါသည် " တစ်ပြည်လုံးရှိ ဘုရား စေတီ များအနက် ပုဂံ စေတီ ပုထိုးများတွင် သာရှိ ပါမည် " တိုက်ဆိုင်မှု တစ်ခု ကို ရေးပါ ဦးမည်"

  ဓမ္မရာဇိက စေတီတွင် ကျောက်တစ်လုံးကို ထုလုပ်ပူဇော် ထားသော ရုပ်ပွားတော် တစ်ဆူရှိ ပါသည် " ရေသပ္ပါယ်နိုင်ရန်အတွက် အောက်ခြေပလ္လင် ပေါ်တွင်ရေစီးမြောင်းငယ် ကိုထု ထွင်းထားပါသည် " မိုးခေါင်သောအခါ သို့မဟုတ်ကဆုန်လပြည့်နေ့ များတွင် ရေသပ္ပယ် ပူဇော်လည့် ရှိပါသည် " ထိုရုပ်ပွားတော် ကို ဆုတောင်းပြည့် သည်ဟုလည်းယုံကြည်ကြသည် " သို့သော် တစ်ချိန်တွင် အကြီးအကဲ တစ်ယောက်၏ ကြေးသွန်း ရုပ်ပွားတော် တစ်ဆူကို ကျောက်ဆင်းတု ကိုယ်တော်နေရာတွင် ရွှေပြေါင်း ပူဇော် ကြပါသည် " နှစ်မကြာမီမှာပင် အဆိုပါ အကြီးအကဲ လဲ ရာထူးမှ ဖယ်ရှား ခံရပါသည် "

   ၁၉၈ဝ ခုနှစ် ရှေးပိုင်း ကာလ အထိ ပုဂံ မြို့ဟောင်း တွင်နေထိုင်သူ တို့၏ စားဝတ်နေရေး မှာ အဆင်ပြေ လှသည် မဟုတ်ပါ " ကာလ ဒေသ အခြေအနေ အရ ဟုဆိုနိုင်သော်လည်း
 ရှေးဟောင်းစေတီ ပုထိုးများ ပြန်လည် တူးဖော် ပြင်ဆင် ရန်အတွက် လုပ်ကိုင် လာသောအခါတွင် ဖယ်ရှား လိုက်သော အိမ်ခြေ မြေနေရာများ အောက်မှ စေတီ ပုထိုး များစွာ ထွက်ပေါ်လာပါသည်"
 မဟာဗောဓိ စေတီ  ဧ၊၊်လက်ဝဲ ဖက်တွင် ပြန်လည် တူးဖော် ပြုပြင် ထားသော စေတီငယ်
များ ကိုကြည့်လျှင် နှစ်ပေါင်းများစွာ မြေအောက်တွင် နစ်မြှုပ် နေကြောင်း သိ သာပါသည် " 

နှစ်ပေါင်း ၈၀၀ နီးပါး ခန့်ကြာ မြင့်ခဲ့ပြီ သောကြောင့်လည်း သိလျက်နှင့်တော့ အိမ်ခြေ တည်ဆောက်ကြမည် မထင်ပါ "

  ပုဂံဘုရား ဖူးသူတိုင်း တွေ့မြင်နိုင် သည့် သတိပေး စာတမ်း များတွင် ထင် ထင်ရှားရှား ဖော်ပြထားပါသည်"

 ဘုရား ပစ္စည်း အဆိပ်သီး

Thursday, April 22, 2010

1979 / 80 ခုနှစ် ပုဂံ မြို့ဟောင်း အလွမ်းပြေ


     
                  


 ကျွန်တော် တို့ ကျောင်းသားဘဝ 1979 / 80 တွင် ပုဂံ ရှိ ရှေးဟောင်းစေတီ ပုထိုး များ ကို Measure Drawing တိုင်းတာ
 ရေးဆွဲ လေ့လာ ရေး အဖွဲ့ အနေဖြင့် ရောက်ရှိ ခဲ့ ကြ ပါသည် " 1979 တွင် တစ်လ နီးပါး , 1980 ခုနှစ် တွင် သုံးပတ် ကြာ
အာနန်ဒါ စေတီ အနီးရှိ တည်းခိုဆောင်တွင် စခန်းချ ခဲ့ ကြပါသည် "

ကျွန်တော်တို့စားသောက်ရေး အတွက် စေတီကျောင်းဝင်း ရှေ့ ရှိ ကိုမောင်မောင် မိသားစု စားသောက်ဆိုင်
မှတာဝန်ယူ ပါသည် "  ကိုမောင်မောင် သည် ပုဂံမောင်မောင် [ Native Photographar ]    အဖြစ် ထင်ရှား လာပါသည် "
မနက်စာအဖြစ် ထမင်းကြော် နေ့စဉ်လိုလိုကျွေးပါသည် " ပြီးလျှင်နေ့စဉ် လုပ်ငန်း ကိုစတင် ကြပါသည် "

ထိုစဉ်က ပုဂံ ငလျင် လှုပ်ပြီး လေး ငါး နှစ်ခန့်သာ  ရှိပါ မည် " အာနန်ဒါ စေတီ သည် အနူ လက်ရာ မြောက်သော လှိုင်ဂူ စေတီ တစ်ဆူ ဖြစ်ပါသည် "
အာနန်ဒါ ဘုရား ဟု မရေးခြင်း မှာ လှိုင်ဂူစေတီ ဖြစ်သောကြောင့် ဖြစ်ပါသည်" အာနန်ဒါ ဂူကျောင်း ဟုလည်း သုံးစွဲ နိုင်ပါသည် "
ရန်ကုန် ရွှေတိဂုံ ဘုရား ဟုခေါ်ဆိုခြင်းထက် ရွှေတိဂုံ စေတီ ဟု ခေါ်ဆိုသင့်ပါသည်"


ကျွန်တော်တို့အဖွဲ့သည် ရန်ကုန်မြို့မှလာကြသည်ဖြစ်သောကြောင့်အားလပ်ချိန်တွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်ကြပါသည် "
 ကိုမောင်မောင် တို့ဆိုင်တွင် နေ့စဉ် သုံးကြိမ် ထိုင်ရသောကြောင့်လဲ ဆိုင်ပြေါင်းထိုင်ခြင်ကြပါသည် "


 ထိုအခါ Nation Restaurant ဆိုင်ကိုတွေ့ကြပါသည်" Nation စားသောက်ဆိုင်သည် ပုဂံမြို့ဟောင်း သရပါ တံခါး အထွက်  Nyaung Oo သွားသော
ကားလမ်း ညာဖက် ပုဂံလေယဉ်ရုံး အနီးတွင် ရှိပါသည်" 

   ထိုစဉ်က ပုဂံ မြို့ဟောင်း တွင် လူနေအိမ်  အတော် များများ ရှိပါသေးသည် "
 ပုဂံမြို့သူမြို့သားများသည် လက်ဖက်ရည်ဆိုင် သည့် အလေ့အကျင့် နဲပါသည် "ဘုရားဖူးများ နှင့် Tourists များသာ ထိုင်လေ့ရှိပါသည် "

  ကျွန်တော်က လက်ဖက် ရည်   အချိုပေါ့ မှာသောအခါ မဖျော် တတ်တော့ပါ " 
 ထိုစဉ်က လက်ဖက်ရည်   အရောင်သည် အုတ်နီခဲ ရောင် ဖြစ်ပြီး အညာဒေသ ချက်သော ချက်နို့ဆီကို   သုံးကြပါသည်"
 ချက်နို့ဆီပေါ်သို့ အကျရည်လောင်းထည့်လျှင် လက်ဖက်ရည် ဖြစ်ပါသည် " သကြား မလိုပါ "
 အညာဒေသ အချိုကြိုက် ကြပါသည် " နို့ဆီများများ အချိုလေးလေး O K နေကြပါသည် "
လက်ဖက်ရည် အချိုပေါ့ ကိစ္စသည် သီရိပစ္စယာ ဟိုတယ် ရောက်မှ အဆင်ပြေသွားပါသည် "



      သီရိပစ္စယာ ဟိုတယ် သည် ထိုစဉ်က အနူလက် ရာပြခန်း တစ်ခု ကဲ့သို့ဖြစ်ပြီး
ဘုရားဖူး များဝင်ရောက်ကြည့်ရှု လေ့လာခွင့်  ရကြပါသည် " ဆရာကြီး  U AYE MYINT ရေးဆွဲသော
လက်ရာ ( ရွှေဇဝါ ယွန်း)  များကိုကြည့်ရှူပြီး အေရာဝတီ ကမ်းစပ် သို့လဲသွားရောက် အပန်းဖြေ နိုင်ပါသည် "
ကမ်းစပ်သဲသောင်ပြင်ပေါ်ရှိ ရေမျောကမ်းတင် သစ်ခြေါတ်ပင် ကို ပုပ္ပါး မှ ပန်းပဲ မောင်တင့်တယ်  ကို အပြစ်စီရင် စတေး ခဲ့သောအပင်ဟု
 ယုံကြည်အောင်ပြေါဆိုခဲ့ကြပါသည် "  ယခုတိုင်ရှိမည်ယုံကြည်ပါသည် "

 ကျွန်တော်တို့အဖွဲ့ ပုဂံ ရောက်ပြီး  တတိယမြောက် နေ ညစာစားပြီးချိန့် တွင် သီရိပစ္စယာ  ဟော်တယ် သို့လမ်းလျှောက်ထွက်ကြပါသည် "
ထိုစဉ်က သီရိပစ္စယာ ဟော်တယ် တွင် တည်းခို သူ နဲ ပါသေးသည် " လက်ဖက်ရည် ကို လူတစ်ယောက်စာ အိုး ဖြစ်ရောင်းချ ပြီး တစ်ယောက် စာတစ်အိုးကို  လူ 2 ယောက်သောက်နိုင်ပါသည် "
အနံ့ အရသာ ကောင်းပြီး အချို အတွက် သကြား လိုသလို ရောစပ် နိုင်သဖြင့် အချိုပေါ့ လက်ဖက်ရည် သောက်ခြင်သူ အတွက် O K  သွားပါသည် "
 တစ်ယောက်စာ အိုး ကို နှစ် ယောက် ခွဲ သောက် ခြင်း ဖြင့်လဲ ငွေကုန်သက်သာပါသည် "

ထို့အပြင် ရန်ကုန် ဘိလပ်ရည် လဲ ရနိုင်ကြောင်း သိ ရသဖြင့် ဝမ်းသာမိပါသည် "  ထိုစဉ်က ပုဂံ တွင် ပုဂ္ဂလိက ထုတ် ဘိလပ်ရည် သာရောင်းကြပါသည်"
  ကျွန် တော် တို့အဖွဲ့ လဲ နောက်ပိုင်းတွင် သီရိပစ္စယာ သို့သာ ညစာစားပြီးတိုင်း သွားကြပါတော့သည် " မသိသူကျော်သွား သိသူ ရှာဖွေ သောက် ပေါ့ "


ဟော်တယ် မှအပြန် ကြယ်ရောင် လရောင် အောက် ဆူဟာတို လမ်းပေါ်တွင် ပုဆိုး ကို ပုခုံးပေါ် ကွင်းသိုင်း ပြီး သီချင်းများ အော်ဆိုကာ တဲခိုဆောင်သို့ ပြန်ခဲ့ကြပုံ ကို ယနေ့တိုင် မြင်ယောင်မိပါသည် " ဝက်ကြီးအင်း အနီး  ယခုတိုင် ရှိအုံးမည်ထင်သည့် Licensed Toddy  Shop တွင် SKY BEER ကိုလည်း ကြီးကြပ်သူများ မသိအောင်
လဲ သွားခဲ့ ကြတယ်လေ "

ကျောင်းသားဘဝ လွတ်လပ်မူကိုကောင်းစွာ စံစား ခဲ့ကြရပါသည် "

မနက်ပိုင်း နှင့် နေ့လယ်ပိုင်း များတွင် Nation  စားသောက်ဆိုင်  သို့တစ်ခါတစ်ရံ သွားရောက်ကြပါသည် "
မိသားစု ဝိုင်းဝန်းလုပ်ကိုင် ကြသော စားသောက်ဆိုင် ဖြစ်ပြီး ကျွန်တော်တို့ အဖွဲ့ နှင့်လည်း ရင်းနှီးခင်မင်ခဲ့ကြပါသည် "
 ထိုစဉ်က ပုဂံ မြို့ဟောင်းတွင် ဖွင့်သော ဆိုင်များတွင် လက်ရာ ကောင်းမွန် သောဆိုင် တစ်ဆိုင် ဖြစ်ခဲ့ပါ  သည် "
သွားလာရ လွယ်ကူ သောကြောင့်လည်း ဖြစ်နိုင် ပါသည် "
ထိုအခါ princess of Nation Restaurant ကိုသတိပြုမိ ကြပါသည် "
10 နှစ်ကျော် အရွယ် ကျောင်းသူတစ်ယောက် English Speaking ရွတ်ဆို လေ့လာနေသည်ကိုမကြာခဏ တွေ့ကြုံ ခဲ့ကြပါသည် " ဈေးကွက်လိုအပ်ချက် အရ English စကားပြေါတတ်ရန်လိုပါသည် "

2008 ခု ပုဂံ သို့ရောက်ခဲ့စဉ်က ကားဆရာ ကို Nyung Oo ရှိ  Nation Restaurant သို့တကူးတက ပို့ခိုင်းခဲ့ပါသည် "
ဆိုင်မှ အမျိုးသမီး တစ်ယောက်ကို သတိပြူမိရာ Princess of NATION RESTAURANT လဲ ယခု ဆိုရင် ဒီအရွယ် ရှိကောင်းရဲ့ ဟု တွေးမိသော်လည်းဘာမျှ မမေးခဲ့ပါ "
ကားဆရာ ကိုမူ  အတိတ်က ပုဂံရောတ် ကျောင်းသားဘဝ အကြောင်းအရာ တစ်ချို့ကိုပြေါပြခဲ့ပါသည် "

ပုဂံရှိ လူသိနည်းသော စေတီ ပုထိုး အချို့ အကြောင်း / အာနန်ဒါ စေတီ စောင်းတန်းမှ    ရွှံ့ထည် အနူလက်ရာ လုပ်ငန်းဖြင့် အောင်မြင်နေသော ကိုစိုးအောင် နှင့်ထိုစဉ်ကဆုံတွေ့ခဲ့ ပုံ ကိုဆက်ရေးပါမယ်"